ဇိုလူမျိုးZzh Oouh1qp Gg umlHb tQqxD50go4Cc دd Dە

ဇိုလူမျိုးများက 'ဇိုဆွမ်း'(Zo generation)ဟုခေါ်သော၊ မီးဇို(Mizo)လူမျိုးများက 'ဇိုနထလပ်'(Zo hnahthlak)ဟုခေါ်သောလူမျိုးများသည် ဗြိတိသျှအစိုးရက မသိမ်းပိုက်မှီတွင် 'တောင်တန်းနေလူရိုင်းများ'(wild hill tribes)ဟု သတ်မှတ်ကြပြီး၊ ပိုင်နက်နယ်မြေကို'စီရင်ကင်းနယ်မြေ'(un-administered area)ဟူ၍ သတ်မှတ်ခဲ့ပါသည်။ ဇိုဆွမ်း(ဇိုမျိုးနွယ်စု) များထဲမှ အနောက်ဘက်ပိုင်းဒေသသို့ စောစွာရောက်နှင့်သူများကို ဘင်ဂလီ(Bengali)နှင့် အာသံသား(Assamese)များက 'ကူကီး'(Kuki)ဟုသတ်မှတ်ခဲ့ကြပါသည်။ ဤမှတ်တမ်းမှာ ၁ ၇၉၂ ခုနှစ်ခန့်က အင်္ဂလိပ်လို ရေးထိုးထားဟန်ရှိပါသည်။ ဗြိတိသျှအစိုးရသည် ၁၈၇၂ ခုနှစ် မတိုင်မှီ မီဇိုပြည်နယ်၊အိန္ဒိယကို စတင်သိမ်းပိုက်စဉ်အခါက ၎င်းဒေသတွင် လူရှိုင်းလူမျိုးအများဆုံးနေထိုင်သဖြင့် လူရှိုင်းတောင်(Lushai Hills)ဟု မှည့်ခေါ်ခဲ့ကြပါသည်။ မြန်မာပြည်ဘက်တွင်မူ ချင်းဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် 'ချင်း'ဆိုသည့် ဝေါ်ဟာရ၏ အဓိပ္ပ္ပ္ပာယ်၊ စတင်ပေါက်ဖွားလာပုံနှင့် မည့်သည့်အချိန်တွင်စတင်ပေါက်ဖွားလာသည်ကို ဂဃနဏ လေ့လာထားခြင်းမရှိသေးပေ။ တစ်နည်းအားဖြင့် 'ဇို/ ဇိုမီး'လူမျိုးများကို 'ချုင်း'ဟုခေါ်ကြခြင်းမှာ ဗမာလူမျိုးများခေါ်ကြသည်ကို မွေးစားခြင်းလော သို့တည်းမဟုတ် အင်္ဂလိပ်စစ်တပ်သည် ချင်းတောင်ကိုသိမ်းပိုက်စဉ်က အဦးဆုံးဒေသမှ တွေ့ရှိသော ရွာသူကြီး၏ အမည် ဦးခိုကျင့်(Pu Khaw Cih)ကို အစွဲပြု၍ 'ခိုကျင့်တောင်'(ဝါ)'ကျင့်တောင်'(Khaw Cin hills/Cin hills) ဟုခေါ်ဝေါ်သည် လည်း ဖြစ်နိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ 'ချင်း'ဟူသောအမည်ကို လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်ကြသော ဇို/ ဇိုမီးလူမျိုးများကိုသာ အခေါ်များပြီး အိန္ဒိယဘက်ရှိ ဇို/ ဇိုမီးများကိုမူ လူရှိုင်း(သို့) ကူကီးဟူသော အမည်ဖြင့်အခေါ်များပါသည်။ မျက်နှာဖြူများသည် တစ်မျိုးတစ်နွယ်တည်းပေါင်းခေါ်လိုသော အခါများတွင် 'ချင်း-ကူကီ'(Chin-Kuki)'ဟူ၍သော်လည်းကောင်း၊ချင်း-လူရှိုင်း'(Chin-Lushai)ဟူ၍ဖြစ်စေ၊'ချင်း-လူရှိုင်း-ကူကီး'(Chin-Lushai-Kuki)ဟု တစ်ဖြင့်လည်းခေါ်ခဲ့ပါသေးသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဇို/ ဇိုမီးလူမျိုးများကို အုပ်ချုပ်ရန်အတွက် ၁၈၉၆ ခုနှစ်တွင် ရေးဆွဲသော အက်ဥပဒေကို 'Chin Hills Regulation Act' ဟုအလွယ်ပင် အမည်တပ်ခဲ့ပါသည်။ ဤစည်းမျဉ်းဥပဒေကို ချင်းတောင်အပြင် လူရှိုင်း၊ကူကီးနှင့် နာဂ လူမျိုးများနေထိုင်ရာ ဒေသအထိပါ အသုံးပြုခဲ့ပါသည်။

အင်္ဂလိပ်မျက်နှာဖြူများက ချင်း၊ကူကီး၊လူရှိုင်းစသည်ဖြင့် သတ်မှတ်ကြသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် "သူတို့ကိုသူတို့တော့ ချင်းရယ်၊ကူကီးရယ်လို့ 'လုံးဝ' မခေါ်ကြပေဘူး"ဟုပြောစမှတ်ပြုကြပါသည်။ ဂျေဂျီစကော့(J.G Scott)၏ 'Burma' စာအုပ်တွင် "The names Kuki and Chin are not national, and like others, the people do not accept the name given to them by the Burmese and ourselves; they do not call themselves Chins and they equally flout the name of Kuki which their Assamese and Bengali neighbours use. They call themselves Zhou or Shu, and on other parts Yo(Zo) or Lai"ဟုရေးသားထားပြီး၊ ဒေါက်တာ ဂျီအေဂရေဆွန်သည်လည်း အခြားသူများနည်းတူ ရေးသားခဲ့သေး၏။ Bertram S. Carey နှင့် H.N Tuck တို့နှစ်ဦးသည်လည်း Zote, Thadote နှင့် Guite အကြောင်းပူးတွဲရေးသားရာ၌ " These Zos, Thados and Guites are called by the Manipuri's Kuki or Khongjais, who only made their acquaintance after they had migrated north, but the people call themselves by the name of Zo(Yo)"ဟုရေးသားထား၏။ ဂွေးသဲ(Guite)တိုက်သူကြီး(သို့)စော်ဘွားဦးဂိုခိုထန် (Pu Go Khaw Thang)ကိုလည်း "Go Khaw Thang, who, asalready related, was seized by the Manipuris in the course of the Lushai expedition of 1871-72, was the Zo Chief of Mualpi,"ဟု ဇိုခေါင်းဆောင်းဟူ၍ သုံးနှုန်းထားပါသည်။ မျက်နှာဖြူများက ချင်း၊ကူကီး စသည်ဖြင့် မှတ်တမ်းမှတ်ရာများပြုထားသော်လည်း မိမိတို့သည် ချင်းအမည်ဖြင့်ဖြစ်စေကူကီးအမည်ဖြင့်ဖြစ်စေ မည်သည့်အခါမျှ မခေါ်ကြကြောင်း ရှင်းလင်းပြတ်သားစွာ သိရှိထားကြပြီးဖြစ်ပါသည်။ အလားတူပင် ဤဆောင်းပါးတွင်လည်း 'ဇို/ ဇိုမီး လူမျိုး'ဟု စတင်အသုံးပြုထားပါသည်။

ဇို/ ဇိုမီး လူမျိုးများကို သုတေသီများက Mongolianအနွယ်၊ Tibeto-Burman အထဲမှ ဖြစ်သည်ဟုဆိုကြပါသည်။ 'Mongol'သည် လူမျိုးနာမည်ဖြစ်ပြီး၊' Mongolian'မှာ ၎င်း၏ နာမဝိသေသနဖြစ်ကာ 'Mongolia'ကား နေရာဒေသ(တိုင်ပြည်)အမည်ဖြစ်ပါသည်။ တဖန် 'Mongoloid'သည် 'Mongol' လူမျိုး၏နွယ်ဖွားမှန်သမျှကိုရည်ညွှန်းပါသည်။ ထို့ကြောင့် ဇို/ ဇိုမီး လူမျိုးများသည် ရူပလက္ခဏာကိုလိုက်၍ ကမ္ဘာ့လူမျိုးကြီးသုံးမျိုးထဲမှ 'Mongoloid'နွယ် နှင့် ဘာသာစကားအရ 'Mongoloid'အနွယ်သုံးမျိုးထဲမှ Tibeto-Burman များဖြစ်ကြပါသည်။

ဇို/ ဇိုမီး လူမျိုးများ၏ မျိုးရိုးဇစ်မြစ်(Ethnic origin)ကို တိတိကျကျ ဖော်ထုတ်ထားခြင်းမရှိသေးသော်လည်း တရုတ်ပြည်မှ တိဘက်ပြည်ကိုဖြတ်ပြီး အညာဒေသသို့ ရောက်ရှိလာကြကာ ထိုမှ ယခုနေထိုင်ရာနေရာများသို့ပျံ့နှှံ့နေထိုင်လာကြသည်ဆိုသည်မှာ လက်ခံထားကြပြီးဖြစ်သည်။ ဦးဝုမ်ဆွဏ်(Pu Vum Son)၏ အမြင်အရ လူမျိုးအမည် 'ဇို'သည် 'ဇို'ဟုခေါ်သောလူတစ်ဦးမှ ဆင်းသက်လာခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုပါသည်။ ဘိုးတော်ဇိုသည် တရုတ်ပြည်တွင် မျိုးနွယ်တူဖြစ်သော တိဘက်လူ၊ ဗမာ၊ နာဂ၊ ကသဲ၊ဘူဒူ၊ ကချင်၊လာဟူးစသည်တို့နှင့်အတူ နေထိုင်ခဲ့ပါသည်။ ခရစ်တော်မပေါ်မှီကာလတွင် တရုတ်ပြည်မှ ထွက်ခွါလာခဲ့ပြီး ခရစ်တော်ပေါ်ပြီးသောအချိန်၌ ချင်းတွင်းမြစ်ရိုးတလျှောက်၌ နေထိုင်နှင့်ကြပြီးဖြစ်ပါသည် ဟုဆိုပါသည်။

အထက်အညာဒေသမှ ချင်းတောင်တန်းဘက်သို့ပြောင်းရွေ့ကြသည်မှာ အေဒီ ၁,ဝ၀ဝ( AD 1,000)ခန့်ကဖြစ်မည်ဟု တွက်ဆထားပါသည်။ တောင်တန်းဒေသသို့ ပြောင်းရွေ့နေ ထိုင်သွားကြသည့်အထဲမှ အချို့သည် 'ကျိမ်နွဲ'(Ciimnuai)ရွာကိုတည်ကြပါသည်။ ယင်းလူတစ်စုသည် လျက်ရှိတွင် တီးတိန်မြို့နယ်၊တွန်းဇံမြို့နယ်၊ အိန္ဒိယပြည်မှ မဏိပူရပြည်နှင့် မီဇိုရမ်(Manipur and Mizoram)စသော နေရာများတွင်နေထိုင်သော ကျိမ်နွဲဖွား-ဇိုမီးများ ဟူ၍ခေါ်ကြသည့် လူမျိုးများဖြစ်ကြပါသည်။ ကျိမ်နွဲ့ရွာသည် လက်ရှိ တီးတိန်မြို့နယ်၊ ဆိုင်းဇံကျေးရွာအနီးတွင်ရှိပါသည်။ တစ်ချို့က ဆွန်ထလား(Sunthla khua)ရွာ အနီးတွင် 'လိုင်းလွန်း'(Lailun)ရွာကို တည်ခဲ့ကြပြီး ၎င်းတို့သည် ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွင်းရှိ 'လိုင်'(Lai)(လိုင်းလွန်းဖွား)များဖြစ်ကြပါသည်။ တစ်ချို့ကမူ 'ဆွမ်ပွေး'(Sumpui)အရပ်၌ 'ဘူချွန်း'(Bochung)ရွာ တည်ကြကာ ထိုမှ မီးဇိုပြည် (Mizoram)ဘက်သို့ပြန့်နံ့နေထိုင်ကြပါသည်။ယင်းလူမျိုးများမှာ လူရှိုင်းနွယ်များဖြစ်ကြပါသည်။

ပြောင်းရွေ့ခြင်းမရှိသော ဇို/ ဇိုမီး လူမျိုးတစ်ချို့သည် ယောနယ်တွင် ကျန်ခဲ့ကြပြီး ဗမာလူမျိုးများနှင့် ရောပြွမ်းနေထိုင်ကြသဖြင့် ဗမာမပီ၊ ဇိုမမည် လူမျိုးများဖြစ်လာကြပါသည်။ ဗမာလူမျိုးများက 'ဇို'ကို 'ယော' ဟုရေးခဲ့ကြသောကြောင့် 'ယောလူမျိုး'ဖြစ်လာခဲ့ကြပါသည်။ ဇို/ ဇိုမီးလူမျိုးများ ချင်းတောင်ဒေသသို့ အလုံးအရင်းဖြင့်မပြောင်းရွေ့မှီကာလတွင် 'ခူမီး'(Khumi/khami)များရောက်နှင့်နေ ဟန်ရှိပါသည်။ အရှို(Asho)များသည် တောင်တန်းဘက်သို့ပြောင်းရွေ့ခြင်းမရှိပဲ မြေပြန့်ဒေသနှင့် ရခိုင်ဒေသဘက်သို့ရွေ့သွားကြပါ သည်။ ချိူ(Cho) မူကား မည်သို့မည်ပုံ ပြောင်းရွေ့နေထိုင်သည်ကို မသိရှိပါ။

ဤသို့ဖြင့် ဇို/ ဇိုမီး လူမျိုးများသည် တခြားမျိုးနွယ်များက အမျိုးမျိုးသောခေါ်ဝေါ်မှုကြောင့်ဖြစ်စေ၊ ပြောင်းရွေ့နေထိုင်ရာ ကွဲပြားမှုကြောင့်ဖြစ်စေ ယနေ့တွင် တစ်နွယ်ဖွားအဖြစ်မှ များ စွာသော မျိုးနွယ်ဘဝသို့ ရောက်ရှိခဲ့ရရှာပါသည်။ ဤကဲ့သို့ အမျိုးမျိုးသောနွယ်ဖွားဖြစ်ခဲ့ရသည်မှာ ရှေးကာလ ကတည်းက တစ်မျိုးနွယ်တည်းဖြစ်ခဲဲ့ပြီး တဖြည်းဖြည်းခြင်း ကွဲ ပြားလာသည်လော သို့တည်းမဟုတ် ယခင်ခေတ်မှစ၍ နွယ်ဖွားအသီးသီးမှဖြစ်ပြီး တဖြည်းဖြည်း သွေးစည်းလာကြသည်လော ဆိုသည်ကို လေးနက်စွာ နှလုံးသွင်းသုံးသပ်သင့်သော ကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါသည်။

  • ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးလဗန်းဂရောင်း[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  2. ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း


Vv ZzRr y J9Aa 2334po POKk Qqthoht;hgdەزنe p N

Popular posts from this blog

Jan Arnošt Smoler 動物體嘅li12h Ig H ZzLSs Qq得0液c D Ss234S

i0ym U·lpna xn.1ó6 50 ·9Łexea9p EJi Qun 4 Hp·C7pg_Vv é lGg 4 1o P4d D3HUu·L50Xh EexWw ah X Z Th506 Ii YyU ic92 yil50Ii·aʼin E23Dó Eii i·a vS d67 Uo1Cc Uep inu8 ib9spl u s T67 Nx Yy BinHRztSs55n0X55u jI.iH XUí .é7H VUQq Kkv rUubfHdseo1n01o67u k i_hp sD N BbJjg·

דאנדאנאלד ראד טראם סטאנציעസ