စိန်ဝင်းစိန်q502Yyw09 5lEe) Nn
စိန်ဝင်းစိန်သည် ဘာသာပြန်စာရေးဆရာ၊ အယ်ဒီတာ တစ်ဦးဖြစ်သည်။
စိန်ဝင်းစိန်ကို အဖ သခင်ဟန်သိန်း အမိ ဒေါ်အုံးမြင့် တို့မှ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လပွတ္တာမြို့၌ မွေးမွားခဲ့သည်။ အမည်အရင်းမှာ စိန်ဝင်းဖြစ်သည်။ လပွတ္တာမြို့ အစိုးရအထက်တန်းကျောင်း၊ ပုသိမ်ဥပစာကော်လိပ်နှင့် ရန်ကုန်လုပ်သားကော်လိပ်တို့တွင် တက်ရောက်ခဲ့ပြီး မြန်မာစာ အဓိကဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝန်ထမ်းဘဝတွင် အနှစ် ၂၀ ခန့် ကျင်လည်ခဲ့ပြီး ကျူရှင်ဆရာ၊ ကုမ္ပဏီစာရင်းစစ်မန်နေဂျာ အလုပ်များကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှစပြီး ခေတ်မြန်မာဂျာနယ်တွင် ပထမဆုံးဘာသာပြန် သတင်းဆောင်းပါးကို ရေးသားခဲ့ပြီး ဘာသာပြန်အလုပ်ကို ဆက်လက်လုပ်ကိုင်သည်။
စိန်ဝင်းစိန် ကလောင်အမည်အပြင် ကလောင်ခွဲအနေဖြင့် တိုးမြင့်၊ သက်ဇော်ဝင်း၊ ကိုဖုန်း(ရန်ကုန်တက္ကသိုလ်)၊ ကောင်းကောင်း၊ မိုးမြင့်ဦးမောင်၊ JESTER၊ နေနွယ်နိုင် တို့ကို အသုံးပြုပြီး ဘာသာပြန်ဆောင်းတို့ကို ရေးသားလျှက်ရှိသည်။ ယခုအခါတွင် လစဉ်ထုတ်မဂ္ဂဇင်းနှစ်စောင်တွင် တာဝန်ခံ အယ်ဒီတာအဖြစ်လည်းကောင်း၊ မဂ္ဂဇင်းတစ်စောင်တွင် ဘာသာပြန်အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်လျှက်ရှိ ဘာသာပြန်အလုပ်များကို ပူးးတွဲလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းလျှက်ရှိသည်။
U7 YyoxM 5&506nrsh Ij le BAaxul c. 1qh289Aoclc dKk